ပခုက္ကူ ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်မြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များ (ဒုတိယအကြိမ်) ကို ဇန်နဝါရီလ ၁၇ရက်နံနက် ၁၀နာရီတွင် လေလံတင်ရောင်းချပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
လုပ်ငန်းလိုင်စင်များကို ၂၀၂၄ခုနှစ်၊ဇန်နဝါရီလ ၁၆ရက် မွန်းလွဲ ၁နာရီနောက်ဆုံးထား၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ လေလံလျှောက်လွှာတင်သွင်းရမည်ဖြစ်ပြီး အထွေထွေစည်းကမ်းပါ သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် မည်သူမဆို (တင်ဒါ၊ဈေးပြိုင်) စနစ်ဖြင့် လေလံဆွဲဝယ်ယူနိုင်မည် ဖြစ်ကြောင်း၊ လုပ်ငန်းများအနေဖြင့် ပခုက္ကူမြို့မဈေးကြီး၊ အမှတ်(၂)ဈေး၊ ကမ္မဈေး၊ မြစ်ခြေဈေး၊ ကျွန်းချောင်းဈေးနှင့်အရာတော်ဈေးများအတွက် လုပ်ငန်းလိုင်စင်အမျိုးအစားပေါင်း (၄၁)မျိုးအတွက် လေလံကြမ်းခင်းဈေး စုစုပေါင်းငွေကျပ် ၄၂၆၅၆၂၀၀၀ဖြစ်ပြီး တင်သွင်းရမည့် စားပွဲတင်အာမခံဈေးမှာ စုစုပေါင်းငွေကျပ် ၂၁၃၂၈၁၀၀၀ သတ်မှတ်ထားကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
အဆိုပါလေလံလုပ်ငန်းများနှင့်ပက်သက်၍ အများပြည်သူကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ကြော်ငြာသင်ပုန်းများ၊ သက်ဆိုင်ရာဈေးများရှိ ကြော်ငြာပုန်းများ၊ မြို့တွင်းလမ်းဆုံနေရာများတွင် လုပ်ငန်းလေလံကြော်ငြာစာများကပ်ထားကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)