ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အခမ်းအနား သာပေါင်းမြို့နယ်တွင် ကျင်းပ

သာပေါင်း ဇန်နဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဂုံမင်းကျေးရွာအုပ်စု၊ ဂုံမင်းကျေးရွာတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပကြသည်။

ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က အမှာစကားပြောကြားရာ ကျေးရွာအုပ်ချုပ်ရေးမှူးဦးစောမော်လေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူများမှ တိုင်းရင်းသားအကများဖြင့် ဖျော်ဖြေခဲ့ကြသည်။

ထို့နောက် ကရင်နှစ်သစ်ကူးလက်ဆောင်မွန်များ ပေးအပ်ကြပြီး ဘောလုံးဗိုလ်လုပွဲ ဆက်လက်ယှဥ်ပြိုင်ကစားကြရာ ဆုရရှိသည့်အသင်းသားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်တို့က ဆုတံဆိပ်နှင့်ချီးမြှင့်ငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)