ထန်းတပင် ဇန်နဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီ အချိန်က အဆိုပါကျောင်းပင်လုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက စုံညီပွဲတော်တို့နွဲပျော်သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်မသန်းစိန်မှ အဖွင့်အမှာစကားပြောကြားပြီး အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုလှိုင်က ပညာရေးစုံညီပွဲတော် ပြုလုပ်ရခြင်းရည်ရွယ်ချက်များ၊ ကျောင်း၏ တိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ချက်များနှင့် ရှေ့ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ၂၀၂၂- ၂၀၂၃ခုနှစ် တက္ကလိုလ်ဝင်တန်းတွင် ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ပြိုင်ပွဲ အသီးသီးတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်အဆင့်တာဝန်ရှိသူများနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ဆရာမများက ဆုများအသီးသီးပေးအပ်ခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူများမှ မြန်မာ့ကျောင်းသားသီချင်းဖြင့် သီဆိုခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)