၂၀၂၃-၂၀၂၄ ပညာသင်နှစ် အ.ထ.က (၆) အလုံ၏ ပညာရေးစုံညီပွဲတော်ကျင်းပ

အလုံ ဇန်နဝါရီလ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်အမှတ် () အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို အမှတ်() အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက "မြန်မာ့ကျောင်းသား" သီချင်းဖြင့် သီဆိုကပြဖွင့်လှစ်ခဲ့သည်။ ထို့နောက် အလုံမြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး  ဦးဟိန်းလင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ယင်းနောက် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်ပညာရည်ချွန်ဆုနှင့် ကာယ၊ ဉာဏဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြသည်။ ဆက်လက်၍ ကျောင်းသား/ ကျောင်းသူများက  တေးသီချင်းသရုပ်ဖော်များ၊ အကအလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ဒုတိယမြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

တင်တင်ချို (ပြန်/ဆက်)