သတင်းများ

သပိတ်ကျင်းမြို့၌ ၂၀၂၃-၂၀၂၄  ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနား စည်ကားသိုက်​မြိုက်စွာကျင်းပ
Jan 14,2024
မန္တ​လေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကော့မှူးတွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Jan 14,2024
၂၀၂၃-၂၀၂၄ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (ကော့မှူး) ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၄ ခုနှစ်၊ မြန်မာဘော်လီဘောလူမှုရေးအသင်းအမှုဆောင်ဖလား U-18 နှင့် U-25 ဘော်လီဘော (အမျိုးသား) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်
Jan 14,2024
မြန်မာ့ဘော်လီဘောအားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ လူငယ်များ စိတ်ဓါတ်ကြံ့ခိုင်လာစေရန်နှင့် မျိုးဆက်သစ်ဘော်လီဘောအားကစားသမားများ ပေါ်ထွက် လာစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အားကစားရုံ၌ မြန်မာဘော်လီဘောလူမှုရေးအသင်းအမှုဆောင်ဥက္ကဋ္ဌမှ ကြီးမှူးကျင်းပသည့် "၂၀၂၄ ခုနှစ်၊ မြန်မာဘော်လီဘောလူမှုရေးအသင်းအမှုဆောင်ဖလား U-18 နှင့် U-25 ဘော်လီဘော(အမျိုးသား) ပြိုင်ပွဲ" ဖွင့်ပွဲအခမ်းအနားကို ကျင်းပသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် ဆင်ပေါင်ဝဲမြို့နယ် သမန်းကြီး-ကုက္ကိုစမ်း-ညံတောအင်း မြေနီလမ်းသစ်ဖွင့်ပွဲတက်ရောက်
Jan 14,2024
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် စီးပွား​ရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ ယနေ့နံနက်ပိုင်းအချိန်က အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် သမန်းကြီး-ကုက္ကိုစမ်း-ညံတောအင်း မြေနီလမ်းသစ်အား တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်က ချီးမြှင့်သော အမျိုးသားစာပေတစ်သက်တာဆု၊ ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဆုတံဆိပ်ရရှိသူများအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ
Jan 14,2024
စာတက်မြောက်ရေးနှင့်ဒေသဖွံ့ဖြိုးမှုကူညီရေးအဖွဲ့က ကြီးမှူးကျင်းပသည့် နိုင်ငံတော်ကချီးမြှင့်သော အမျိုးသားစာပေတစ်သက်တာဆု၊ ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဆုတံဆိပ်ရရှိသူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဇီ၀ိတဒါနသံဃာ့ဆေးရုံကြီး မင်္ဂလာခန်းမ၌ ကျင်းပသည်။
သထုံမြို့၊ မြသပိတ်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရေး အလှူငွေပေးအပ်ပွဲအခမ်းအနား ကျင်းပ
Jan 14,2024
မွန်ပြည်နယ်၊ သထုံမြို့၊ သိင်္ဂနိတ်တောင်ထိပ်ပေါ်ရှိ မြသပိတ်ဆံတော်ရှင်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းတော်ကပ်လှူပူဇော်နိုင်ရေး အလှူတော်ငွေများ စုပေါင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက  နန်းခဲရပ်ကွက်၊ သဒ္ဒမဇောတိကာရာမကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
ပြည်ထောင်စုနယ်မြေ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jan 14,2024
ပြည်ထောင်စုနယ်မြေ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုနယ်မြေကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ နေပြည်တော်၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ချောင်းဆုံမြို့နယ်တွင် သဘာဝဘေးဒဏ်ခံနိုင်သော ရပ်ရွာအသိုက်အဝန်းဖြစ်ပေါ်စေရေး ပြုပြင်ရေးလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jan 14,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် သဘာဝဘေးကျရောက်လျှင် ကြံ့ခိုင်မှုမရှိသော နေအိမ်များအား မိုးကြိုကာလ လေဘေးကြိုတင်ကာကွယ်ရေး အားဖြည့်ပြင်ဆင်ခြင်းလုပ်ငန်းများကို ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်မှုဖြင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများမှ ဇန်နဝါရီ ၉ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၄ ရက်နေ့တွင် ခရိုက်နှီးဟုကျေးရွာတွင်  နေအိမ်ပြုပြင်ရေးလုပ်ငန်းများနဲ့ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။