သတင်းများ

မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်၏ ဝိဇာတပူဇာမွေးနေ့မင်္ဂလာပွဲကျင်းပနိုင်ရေး ညှိနှိုင်းစည်းဝေး
Jan 14,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံ​သော၏ သက်တော် (၇၈)နှစ်ပြည့် ဝိဇာတပူဇာမွေးနေ့မင်္ဂလာပွဲကို စည်ကားစွာကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အမျိုးသားအလွတ်တန်း (MTB) ဖိတ်ခေါ်စက်ဘီးပြိုင်ပွဲ ကျင်းပ
Jan 14,2024
ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ကန်ရိပ်သာလမ်းရှိ ကန်တော်ကြီးဥယျာဥ် ဝင်ပေါက်(၁)တွင် ယနေ့နံနက် (၀၅:၅၀)နာရီ၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး စက်ဘီးဆပ်ကော်မတီနှင့် Sky Lake view Breakfast &Tee House တို့ ပူးပေါင်းကျင်းပသည့် အမျိုးသားအလွတ်တန်း (MTB) ဖိတ်ခေါ်စက်ဘီးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
မောက်မယ်မြို့နယ် အ.မ.က(နောင်ခမ်း)ကျောင်း၌ ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 14,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဝင်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း(နောင်ခမ်း)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက်၉နာရီက အဆိုပါကျောင်းတွင်ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးဌာနမှဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်၍ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြသည်။
ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ပညာရေးစုံညီပွဲတော်များ ကျင်းပ
Jan 14,2024
ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများဖြစ်သည့် မင်္ဂလာဒီပ (အ.ထ.ကခွဲ)၊ အမှတ်၂၀ (အ.ထ.က)၊ အမှတ်၁၃ (အ.ထ.က)နှင့် အမှတ်၄၆ (အ.မ.က) မူလွန်ကျောင်းများ၌ ပညာရေးစုံညီပွဲတော်ကို ယမန်နေ့က စည်ကားသိုက်မြိုက်စွာကျင်းပရာ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။
အောင်လံမြို့၌ မြို့ပတ်လမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Jan 14,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ စည်ပင်သာယာရေးအဖွဲ့၏ မြို့ပတ်လမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ရွာထောင်ရပ်ကွက် မြို့ပတ်လမ်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကြံခင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မြန်မာ့ရိုးရာဘိန်းမုန့်ပြုလုပ်နည်းသင်တန်း ဖွင့်လှစ်
Jan 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အိမ်တွင်းလက်မှုလုပ်ငန်းတတ်ကျွမ်းစေရန်၊ မြန်မာမုန့်လုပ်နည်းများအား လုပ်ကိုင်တတ်စေရန်ရည်ရွယ်ပြီး မြန်မာ့ရိုးရာဘိန်းမုန့်ပြုလုပ်နည်းသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းဆတ်မြို့၌ လားဟူတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် အမျိုးသား(အလွတ်တန်း) ကလပ်ပေါင်းစုံ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ
Jan 14,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ လားဟူတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် အမျိုးသား(အလွတ်တန်း) ကလပ်ပေါင်းစုံ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီလ (၁၃) ရက်နေ့ ညနေ(၃)နာရီက အောင်ဇေယျဘက်စုံအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေစက်တော်ဘုရား၌ တည်းကျောင်း၊ ဈေးဆိုင်များဆောက်လုပ်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Jan 14,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု) မြို့နယ်ရှိ သမိုင်းဝင်ရွှေစက်တော်ဘုရားကြီး၌ တည်းကျောင်းများနှင့် ဈေးဆိုင်တန်းများဆောက်လုပ်ရန် မြေနေရာသတ်မှတ်ခြင်းနှင့် အဆင့်မြှင်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။