သတင်းများ

ငါးမည်ရ ရတနာသိင်္ဃ ရွှေဘိုမြို့၊ မြို့တည်၊ နန်းတည်နှစ်(၂၇၀)ပြည့် အခမ်းအနားကျင်းပ
Jun 22,2023
တတိယမြန်မာနိုင်ငံ​တော်ကြီးကို တည်​ထောင်ခဲ့သူ အ​လောင်းမင်းတရားကြီး ဦး​အောင်​ဇေယျ၏​မွေးရပ်​မြေ၊​ ကျုံး၊ နန်းနှင့် နတ်ကွန်း၊ ဗဟိုရ်၊​ ရွှေချက်သိုလ်က ​ရေညိုမြဟန် နန္ဒာကန်ကို လျင်တန်မရှည်ဘိုး​တော်တည်သည့် ငါးမည်ရရတနာင်္ဃ ရွှေဘိုမြို့၊ မြို့တည်၊ နန်းတည် နှစ်(၂၇၀)ပြည့် အခမ်းအနားကို ယမန်​နေ့ နံနက်ပိုင်းက ​ရွှေတန်ဆာဘုရားဝင်းအတွင်း ကျင်းပပြုလုပ်ရာ ဆရာ​တော်သံဃာ​တော်များ၊ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ မြို့နယ်စီမံ အုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့များနှင့် စာ​ရေးဆရာအသင်းဝင်များ တက်​ရောက်ခဲ့ကြသည်။
ပေါင်မြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပ
Jun 22,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်(၂)နာရီက ကဒါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
ဂွမြို့နယ်တွင် အသက်(၅)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ
Jun 22,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အသက် (၅) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ဇွန်လ (၁၉) နေ့ နံနက်ပိုင်းမှစတင်၍ (ဂွ) စုရပ်၊ (ဆပ်သွား) စုရပ်နှင့် (ကျိန္တလီ) စုရပ်စသည့် စုရပ်ကျောင်းများတွင် ထိုးနှံပေးလျက်ရှိသည်။
မိုင်းပန်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Jun 22,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို  ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ကူညီထောက်ပံ့ရေး ပစ္စည်းများပေးအပ်
Jun 22,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်တွင်၊ ရခိုင်ပြည်နယ်သဘာဝဘေးအန္တာရယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ကူညီထောက်ပံ့ရေး ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရမ္မာဝတီခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကွမ်းလုံမြို့နယ် ဝန်ထမ်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲ ပြုလုပ်
Jun 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် ဝန်ထမ်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန် ကျောင်း၌ ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိ ရသည်။
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများ ကျောက်ဖြူဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား ထောက်ပံ့ငွေများပေးအပ်၊ သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့မှ ပြည်သူများကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေး
Jun 22,2023
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ၊ မြို့မိ၊မြို့ဖများသည် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူဘိုးဘွားရိပ်သာရှိ အဘိုး၊အဘွားများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ပြီး၊ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့(၆)မှ ဒေသခံပြည်သူများကို အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား သွားရောက်ကြည့်ရှု အားပေးသည်။
ကျိုက်ထိုမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ
Jun 22,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ် ပတ်သက်၍ သိရှိစေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီက မူလွန်ကော့စံနိုင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။