သတင်းများ

ကာလိမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်
Jan 15,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာ‌ပေးဟောပြာပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Pfizer Original) (Pfizer Omicron VCV) ထပ်ဆောင်းထိုးနှံ
Jan 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအသက် (၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ၊ အသက် (၆၅)နှစ်နှင့်အထက် ပြည်သူလူထုများ၊ အသက် (၁၈)နှစ်နှင့် အထက် နာတာရှည်ရောဂါရှိသူများနှင့် ကိုယ်ခံအား ကျဆင်းသည့် ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ (Pfizer Original)၊ ကျန်းမာရေးဝန်ထမ်းများ၊ အသက် (၅၀) နှစ်အထက် နာတာရှည်ရောဂါ ခံစားနေရသော ပြည်သူလူထုများ (Pfizer Omicron VCV) ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ‌ထပ်ဆောင်းထိုးနှံနိုင်ခဲ့ကြ သည်။
မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Jan 15,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အများပြည်သူများ အသိဉာဏ်ပညာတိုးပွားရရှိစေရန် အသိပညာပြန့်ပွားရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၀၉:၃၀)နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးစာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပုလောမြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကိုကျင်းပ
Jan 15,2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပုလောမြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီခွဲက ပုလောမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ်၊ အ-ထ-က(၃၉)ကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ဘာသာရပ်အလိုက်ဆွေးနွေးပွဲကျင်းပ
Jan 15,2024
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ-ထ-က(၃၉)ကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီမှ စတင်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်အလိုက် ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။
သရက်မြို့၌ ရှစ်မျက်နှာဓမ္မစကူးလ်ဌာန၌ ကျင်းပသော ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဓမ္မစကူးလ်သင်တန်းဆင်းပွဲ ကျင်းပ
Jan 15,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ရှစ်မျက်နှာဓမ္မစကူးလ်ဌာန၌ ကျင်းပသော ၂၀၂၃-၂၀၂၄ ပညာသင်နှစ် "မ္မစကူးလ်သင်တန်းဆင်းပွဲ ကျင်းပခြင်းအခမ်းအနားကို ယမန်နေ့ ညနေ(၄)နာရီက ရှစ်မျက်နှာဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ပိုင်ကျုံမြို့ မူလွန်ငှက်‌တောကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
Jan 15,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာအုပ်စု၊ ငှက်‌ပျောတောကျေးရွာ မူလွန်ငှက်ပျောတောကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ ၅၄၇၀ ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူ
Jan 15,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ (၅၄၇၀) ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။