သပိတ်ကျင်း ဇန်နဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သပိတ်ကျင်း (အ.ထ.က) ကျောင်းသား၊ ကျောင်းသူများက “ကြိုဆိုပါသည် စုံညီပွဲတော်" တေးသီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ပေးခဲ့ပြီး၊ သပိတ်ကျင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်တင့်က အဖွင့်အမှာစကားပြောကြားခဲ့ကာ သပိတ်ကျင်းမြို့နယ်ပညာရေးမှူး ဦးဝင်းမောင်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၃-၂၀၂၄ပညာသင်နှစ် တိုင်း/ခရိုင် စာပေနှင့် အားကစားထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်တင့် နှင့်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးကျော်ကျော်မွန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဦးဝင်းမောင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဂုဏ်ပြုဆုငွေများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်းသိရသည်။
ဆက်လက်၍ အခြေခံပညာအဆင့်၊ ကျောင်းသား/သူများက အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး သပိတ်ကျင်း (အ.ထ.က)ကျောင်းသား၊ ကျောင်းသူများက "ဂန္တဝင်ခရီးလမ်း တစ်မိုးသစ်လေပြီ "သီချင်းသီဆို၍ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)