ချောင်းဆုံ ဇန်နဝါရီ ၁၄
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် သဘာဝဘေးကျရောက်လျှင် ကြံ့ခိုင်မှုမရှိသော နေအိမ်များအား မိုးကြိုကာလ လေဘေးကြိုတင်ကာကွယ်ရေး အားဖြည့်ပြင်ဆင်ခြင်းလုပ်ငန်းများကို ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်မှုဖြင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများမှ ဇန်နဝါရီ ၉ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၄ ရက်နေ့တွင် ခရိုက်နှီးဟုကျေးရွာတွင် နေအိမ်ပြုပြင်ရေးလုပ်ငန်းများနဲ့ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်သည့်လုပ်ငန်းများကို မြို့နယ်အတွင်းရှိ ဘေးသင့်နိုင်သည့် ပင်လယ်ကမ်းစပ်ကျေးရွာများဖြစ်သည့် ဆယ်ပလာ၊ ဇီးကုန်း၊ ခရိုက်နှီးဟု၊ နတ်မှော်နှင့် ချောင်းဆုံအနောက်ရပ်ကွက်တို့ရှိ ဆင်းရဲနွမ်းပါးပြီး ကြံ့ခိုင်မှုမရှိသော နေအိမ်များကို ကျေးရွာ တစ်ရွာလျှင် အိမ်ခြေ (၁၀၀) နှုန်းဖြင့် စုစုပေါင်းအိမ်ခြေ (၅၀၀) ကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် (ဘေး/စီမံ) အဖွဲ့မှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများနှင့် ဒေသခံပြည်သူများ ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် (ဘေး/စီမံ) ဦးစီးဌာနမှ သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)