သတင်းများ

ဇီးကုန်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှင့် Grade-9 ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲများ စတင်ဖြေဆို
Mar 03,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှင့် Grade-9 ကျောင်းသား၊ ကျောင်းသူများ၏ နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက် ၉ နာရီမှစတင်၍ သက်ဆိုင်ရာ အခြေခံပညာကျောင်းစာစစ်ဌာနများတွင် စတင်ဖြေဆိုလျက်ရှိသည်။
တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အင်္ဂလိပ်စာ 4 Skills သင်တန်း စတင်ဖွင့်လှစ်
Mar 03,2025
ကလေးငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များအတွင်း အချိန်ကိုအကျိုးရှိစွာအသုံးချတက်စေရန်၊ ကျောင်းပညာရေးတွင် အထောက်အကူဖြစ်စေရန်နှင့် ငယ်ရွယ်စဉ်ကလေးဘဝမှစ၍ စာကြည့်တိုက်များနှင့်ရင်းနှီးကျွမ်း၀င်စေရန်အတွက် အင်္ဂလိပ်စာ 4 Skills သင်တန်းကို မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ပညာဒါနအဖြစ် ယနေ့နံနက် (၈) နာရီက စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မိုင်းတုံမြို့၌ သင်္ကြန်ပွဲအောင်မြင်စွာကျင်းပနိုင်‌ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်း‌အဝေးပြုလုပ်
Mar 03,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်တုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/‌ ကျေးရွာအုပ်ချုပ်‌ရေးမှူးများ၊ ရပ်မိရပ်ဖများစုပေါင်း၍ သင်္ကြန်ပွဲ‌အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းအစည်း‌အဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေကျင်မြို့နယ်တွင် အခြေခံရှေးဦးပြုစုခြင်းသင်တန်းဖွင့်လှစ်
Mar 03,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ပူးပေါင်း၍ အခြေခံရှေးဦးပြုစုခြင်းသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် မတ်လ (၁) ရက်နေ့မှ (၃) ရက်နေ့အထိ ဖွင့်လှစ်‌ခဲ့သည်။
တောင်တွင်းကြီးမြို့နယ်၌ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခြေခံပန်းချီသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 03,2025
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ယနေ့နံနက် ၉ နာရီခွဲက အခြေခံပန်းချီသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
ပဲခူးမြို့၌ ၂၀၂၅ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးနွေရာသီအခြေခံ အားကစားသင်တန်းဖွင့်ပွဲကျင်းပ
Mar 03,2025
အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ လူငယ်၊ လူရွယ်များ နွေရာသီကျောင်းပိတ်အားလပ်ရက်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် နွေရာသီသင်တန်းများမှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီနှင့် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီအခြေခံ အားကစားသင်တန်းကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအားကစားခန်းမ၌ ကျင်းပခဲ့သည်။
ချောင်းဆုံမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့်(Grade-5)နှင့် အခြေခံပညာအလယ်တန်းဆင့်(Grade-9)နှစ်ဆုံးစာမေးပွဲ (ပထမ)နေ့ ဖြေဆို
Mar 03,2025
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ  ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် (Grade-5)နှင့် အခြေခံပညာအလယ်တန်းဆင့်(Grade-9)ပညာသင်ယူနေသည့် ကျောင်းသား/သူများ၏ နှစ်ဆုံးစာမေးပွဲကြီး(ပထမ)နေ့ကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် အေးချမ်းစွာဖြေဆိုလျက်ရှိရာ မော်လမြိုင်ခရိုင် အခြေခံပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ​နွေစပါး(၁၇၅၄၂)ဧကစိုက်ပျိုးရန်လျာထား
Mar 03,2025
ပဲခူးတိုင်း​ဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် တောင်သူတစ်ဦးချင်းစီ၏ ဝင်ငွေနှင့် ဒေသဝမ်းစာဖူလုံမှုကို ပိုမိုတိုးတက်စေရန် ရည်ရွယ်၍ ၂၀၂၄ -၂၀၂၅  ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် နွေစပါးစိုက်ဧက(၁၇၅၄၂)ဧက စိုက်ပျိုးရန်လျာထားလျက်ရှိကြောင်း သိရသည်။