သတင်းများ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jun 23,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီခွဲအချိန်က ဌာနဆိုင်ရာဝန်ထမ်းများအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
တပ်ကုန်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (အကြို) ကျောင်းပေါင်းစုံ ပန်းချီပြိုင်ပွဲ ကျင်းပ
Jun 23,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို)အလယ်တန်းအဆင့် ကျောင်းပေါင်းစုံ ပန်းချီပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။
ကွန်ဟိန်းမြို့၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
Jun 23,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတို့ ပူးပေါင်း၍ ယမန်နေ့ နေ့လယ် ၁၂ နာရီခန့်က “လူငယ်နှင့် ဇွဲ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကွန်ဟိန်းမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ငူမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲကျင်းပ
Jun 23,2023
ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက လူထုအခြေပြုဗဟိုဌာန၌
ရွှေကျင်မြို့နယ် တောင်ဘက်ကျေးရွာတွင် စပါးမျိုးစေ့ချကိရိယာ(Drum Seeder) ဖြင့် အတန်းလိုက်စပါးကြဲသည့်နည်းစနစ် ပြပွဲကျင်းပ
Jun 23,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် စိုက်ပျိုးရေးဦးစီဌာနမှ (Drum Seeder) ဖြင့် အတန်းလိုက်စပါးကြဲသည့်နည်းစနစ်ပြပွဲကို ယနေ့နံနက် (၈)အချိန်က တောင်ဘက်ကျေးရွာရှိ တောင်သူ ဦးသက်မောင်မောင်လင်း၊ ဦးစိုးဝင်းနှင့် ဒေါ်မာမာထွေး တို့၏ တစ်ကွင်းတစ်စပ်တည်း (၁၅)ဧက စပါးခင်းတွင် ကျင်းပခဲ့သည်။
ပန်းတနော်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Jun 23,2023
၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (ပန်းတနော်) အဆောက်အအုံရှိ လေ့ကျင့်ရေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဓနုဖြူမြို့နယ်တွင် ငါးသယံဇာတတိုးပွားရေးအတွက် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ
Jun 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အကျော်ကျေးရွာအုပ်စု၊ သဘာဝရေပြင်အတွင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ ငါးရိက္ခာဖူလုံစေရေး၊ ငါးသယံဇာတများရေရှည်တည်တံ့စေရေးနှင့် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်ရရှိစေရေးအတွက် ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့ ဇွန်လ ၂၃ရက်နေ့ နံနက် ၉နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။ 
မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (လားရှိုး) စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူး သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Jun 23,2023
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(လားရှိုး) စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က လားရှိုးမြို့၊ ပြန်လည်ထူထောင်ရေးစခန်းတွင် ကျင်းပသည်။