လောက်ကိုင်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းမပေါ်တွင် မြောင်းရေလျှံမှုများဖြစ်
Jun 24,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများ စီးဆင်းမှုဖြစ်ပေါ်ကာ လမ်မများပေါ်တွင် ရေတင်ခြင်း၊ ရေမြောင်းများတွင် အမှိုက်များပိတ်ဆို့ခြင်းများဖြစ်ပေါ်ခဲ့ရာ မြို့နေပြည်သူများနှင့် ခရီးသွားပြည်သူများ အဆင်ပြေ ချောမွေ့စွာသွားလာနိုင်ရေးအတွက် ယမန်နံနက် ၇ နာရီ အချိန်က မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ရေစီးရေလာကောင်းမွန် စေရေး ဆောင်ရွက်ခဲ့ကြသည်။