လားရှိုး ဇွန် ၂၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(လားရှိုး) စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က လားရှိုးမြို့၊ ပြန်လည်ထူထောင်ရေးစခန်းတွင် ကျင်းပသည်။
အခမ်းအနားတွင် လားရှိုးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ဆန်း အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ထက်အောင်က သင်တန်းဆင်းအမှာစကားပြောကြားသည်။
ယင်းနောက် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ထက်အောင်က မြန်မာနိုင်ငံကွမ်းလုံဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက်အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး သင်တန်းတက်ရောက်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
အဆိုပါ သင်တန်းသို့ လားရှိုးမြို့နယ်အတွင်းရှိ လူမှုအကျိုးပြုဆောင်ရွက်နေကြသူ သင်တန်းသား၊ သင်တန်းသူ (၂၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်