ဓနုဖြူ ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အကျော်ကျေးရွာအုပ်စု၊ သဘာဝရေပြင်အတွင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ ငါးရိက္ခာဖူလုံစေရေး၊ ငါးသယံဇာတများရေရှည်တည်တံ့စေရေးနှင့် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်ရရှိစေရေးအတွက် ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့ ဇွန်လ ၂၃ရက်နေ့ နံနက် ၉နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဆန်းဝင်းနှင့်ဝန်ထမ်းများ၊ ဓနုဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းကိုကိုဦးနှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မအူပင်မြို့နယ် အောင်ဟိတ်ငါးလုပ်ငန်းစခန်း တာဝန်ခံနှင့်အဖွဲ့၊ အကျော်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အင်းသားကြီးများ၊ ရေလုပ်သားများ တက်ရောက်ကြပြီး အောင်ဟိတ်ငါးသားဖောက်စခန်းမှ ငါးမြစ်ချင်းငါးသားပေါက် ကောင်ရေ (၂၀၀၀၀၀)၊ ငါးခုံးမငါးသားပေါက်ကောင်ရေ (၁၀၀၀၀၀)၊ ရွှေဝါငါးကြင်းငါးသားပေါက်ကောင်ရေ (၁၀၀၀၀၀)၊ စုစုပေါင်းငါးသားပေါက်ကောင်ရေ (၄၀၀၀၀၀)ကို အကျော်ကျေးရွာ၊ သဘာဝရေပြင် အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)