စလင်းမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၃၊ ၂၀၂၄ ပညာသင်နှစ် (KG တန်းမှ Grade-12) အထိ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ တစ်ကြိမ်တစ်ခါမျှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသူများအား (Sinovac. Vaccine) ဆေးများ ထိုးနှံပေး

စလင်း ဇွန် ၂၇

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃၊ ၂၀၂၄ ပညာသင်နှစ် ပထမအကြိမ် တစ်ကြိမ်တစ်ခါမျှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ မထိုးနှံရသေးသည့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကျန်းမာရေးဦးစီးဌာနမှ ယနေ့ဇွန်လ(၂၆)ရက် နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံရာသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအသင်း အဖွဲ့ဝင်များ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များနှင့် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးဦးတင်စိုး၊ ကျန်းမာရေးနှင့် သားဖွားဆရာမ ဒေါ်သင်းသင်းမွှေး၊ ကြီးကြပ်(၂)ဦးသီဟ၊ ဒေါ်အိအိရွှေဇင်နှင့် အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများက (KG အတန်းမှ Grade-12) အတန်းအထိ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပထမအကြိမ်အဖြစ် (Sinovac. Vaccine) ကာကွယ်ဆေးများ ထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ကာကွယ်ဆေးများ ၂၀၂၃၊ ၂၀၂၄ ပညာသင်နှစ် ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

(မောင်လွင်)စလင်း