သနပ်ပင်မြို့နယ်တွင် စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြောခြင်း လက်တွေ့သရုပ်ပြပွဲ ဆောင်ရွက်

သနပ်ပင် ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ပတ်ဝန်းကျင်သန့်ရှင်းစေရန်နှင့် အမှိုက်များစနစ်တကျစွန့်ပစ်စေရန်အတွက်  စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မနက်(၁၀)နာရီအချိန်က အ-ထ-က(သနပ်ပင်)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌဦးဝင်းသန်းက အဖွင့်အမှာစကားပြောကြားပြီး  သဘာဝပတ်ဝန်းကျင်ဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးနေသူအောင်နှင့် မြို့နယ်စည်ပင်ယာယာရေးအဖွဲ့အမူဆောင်အရာရှိဦးအောင်သူရတို့က အမှိုက်(၄)မျိုးခွဲခြားစွန့်ပစ်ခြင်းနှင့် 3Rs စနစ်အသုံးပြုပြီး စွန့်ပစ်ပစ္စည်းများ၏ညစ်ညမ်းမှုအန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းမှရှောင်ကြဉ်ခြင်း၊ အမှိုက်များကိုစနစ်တကျခွဲခြားစွန့်ပစ်ခြင်းဖြင့် ညစ်ညမ်းမှု အန္တရာယ်ကိုလျော့ကျစေနိုင်ပြီး လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာပျော်ရွှင်ရေးအတွက် သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သောဂေဟစနစ်ကို ထိန်းသိမ်းနိုင်မည်ဖြစ် ကြောင်း ဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများက အမှိုက်များကိုအမျိုးအစားခွဲ၍ စနစ်တကျခွဲခြားစွန့်ပစ်ခြင်းကို လက်တွေ့သရုပ်ပြမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)