ဖြူး ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကျေးရွာနေပြည်သူများ ရာသီဥတုပြောင်းလဲမှုဘေးအန္တရာယ်ဆိုင်ရာများသိရှိစေရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက လိပ်သေကျေးရွာအုပ်စု၊ ကွာရီအနောက်ကျေးရွာဓမ္မာရုံတွင် မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထိုသို့ ဟောပြောပွဲတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်၊မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမူး ဦးချမ်းဟိန်းလင်းတို့က တက်ရောက်လာကြသော လိပ်သေကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေပြည်သူများအား ရာသီဥတုပြောင်းလဲမှုသဘာဝဘေးအန္တရာယ်နှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှုအကျိုးဆက်များနှင့် သစ်တောသစ်ပင်များ၏အရေးပါမှုအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)