သာကေတ ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် (၁၀:၃၀)နာရီချိန်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
ရှေးဦးစွာ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသန့်ဇင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်လတ်က အခမ်းအနားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားခဲ့သည်။
ထို့နောက် စာရေးဆရာမတင့်တယ်ခင်က အာဇာနည်နေ့အတ္ထုပ္ပတိအကြောင်း အသိပညာပေးပြောခြင်း၊ စာရေးဆရာမ မေမြတ်စန္ဒာက အာဇာနည်နေ့အကြောင်း သိကောင်းစရာများဟောပြောခြင်း အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ ကြည့်ရှုခဲ့ကြပြီး အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သာကေတ (ပြန်/ဆက်)