ကလောမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်‌ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေး

ကလော ဇူလိုင် ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဖတ်ရှုခြင်းမှ ရရှိသည့် ဗဟုသုတကောင်းကျိုးတရားများကို ရရှိစေရန်ရည်ရွယ်၍ ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်အဆင့်ဌာနဆိုင်ရာများထံ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မိမိရုံးသို့ မလာရောက်နိုင်သော ဌာနဆိုင်ရာဝန်ထမ်းများအတွက် ရုံးစာကြည့်တိုက်ရှိ သုတ/ရသ စာအုပ်များကို အမျိုးအစားစုံလင်စွာဖြင့် ကလောမြို့နယ် သမဝါယမဦးစီးဌာနနှင့် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနသို့ ကွင်းဆင်းသွားရောက်၍ ဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် လက်ဝယ်အရောက် အခမဲ့ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးသည့် စာအုပ်စာစောင်များအား တစ်ပတ် တစ်ကြိမ် အသစ်လဲလှယ်ပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်ဝင်း(ကလော)