မဟာအောင်မြေ ဇူလိုင် ၁၇
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့်သုတရသစာအုပ်များ ပြပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပသည်။
ရှေးဦးစွာ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် လွတ်လပ်ရေးရရှိအောင် စွမ်းဆောင်ခဲ့သော အာဇာနည်ခေါင်းဆောင်များ၏ အတ္ထုပတ္တိများ၊ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်း အကြောင်းအရာများကို ဟောပြောသည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသူများက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ပြသထားသည့် နံရံကပ်စာစောင်များနှင့်သုတရသစာအုပ်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း