ဖောင်းပြင်မြို့နယ် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း အခမဲ့ဖွင့်လှစ်

ဖောင်းပြင် ဇူလိုင် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ တစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်ကြပြီး မိသားစုဝင်ငွေရရှိစေရေးအတွက် အိမ်တွင်းမှုသင်တန်းများကို အတတ်ပညာရှင်များအား ဖိတ်ခေါ်၍ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ဇူလိုင်လ(၁၄)ရက်နေ့နံနက် ၁၀နာရီအချိန်က မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းအောင်က " ဌာနအနေဖြင့် အသိပညာဗဟုသုတရရှိရေးလုပ်ငန်းများအပြင်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး အသက်မွေးဝမ်းကြောင်း အထောက်အကူပြု မိသားစု၀င်‌ငွေတိုး လက်မှုပညာသင်တန်းများကို  ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယ‌နေ့တွင် တစ်ပိုင်တစ်နိုင် ပြုလုပ်ဆောင်ရွက်နိုင်သည့် ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းပြောကြားကာ သင်တန်းနည်းပြ ဒေါ်ယဉ်ယဉ်ထွေးက" ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းအား တတ်မြောက်ပြီးပါက မိသားစုဝင်ငွေရရှိရေးအတွက် အသုံးချနိုင်မည့်အပြင် ကိုယ်တိုင်ပြုလုပ်သုံးစွဲခြင်းဖြင့် ကုန်ကျစရိတ်သက်သာလာမည်ဖြစ်ကြောင်း" ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းကို စာတွေ့၊ လက်တွေ့ပို့ချခဲ့ရာ သင်တန်းသား၊ သင်တန်းသူ (၁၃)ဦး တက်ရောက်သင်ယူကြပြီး သင်တန်းကာလမှာ(၁)ရက်တာ သင်ကြားချပို့ချပေးမည်ဖြစ်သည်။ အဆိုပါသင်တန်းအား တက်ရောက်ခြင်းဖြင့် အတတ်ပညာတစ်ခု တတ်‌မြောက်သည့်အပြင် မိသားစု၀င်ငွေတိုးပြီးဆပ်ပြာဆီများဖြင့် အိုးခွက်၊ ပန်ကန်များဆေးကြောရာတွင်လည်းကောင်း၊ ခန္ဓာကိုယ်သန့်ရှင်းရေးနှင့် အဝတ်အစားများ လျှော်ဖွပ်ရာတွင်လည်းကောင်း အသုံးပြုနိုင်ကြောင်း သင်တန်းနည်းပြထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)