မိုင်းနောင်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းဝေး ဆောင်ရွက်

မိုင်းနောင် ဇူလိုင် ၁၂

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ မိုင်းနောင်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းကအဖွင့်အမှာစကားပြောကြား၍ တက်ရောက်လာသောဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်များမှတာဝန်ကျစာရေးများက မိမိတို့ကဏ္ဍအလိုက်လက်ရှိလုပ်ဆောင်နေသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လိုအပ်ချက်များ၊ ပူးပေါင်းကူညီရပေးရမည့် လုပ်ငန်းများကိုအသီးသီးတင်ပြကြသည်။

ဆက်လက်၍ ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ စာရေးများ၏တင်ပြချက်များအပေါ် ဆောင်ရွက်ပေးရမည့်လုပ်ငန်းတာဝန်များကို ပြန်လည်ရှင်းလင်းခြင်း၊ ပူးပေါင်းကူညီဆောင်ရွက်ရမည့်လုပ်ငန်းများကို လည်းလက်တွေ့ကွင်းဆင်းကာ ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရေးကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

မနန်း (မိုင်းနောင်)