ရွာငံ ဇူလိူင် ၁၂
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့ နေ့လယ်ပိုင်းက စာဖတ် စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ပြည့်ဖြိုးသန့်က ကလေးများ စာဖတ်နိုင်စွမ်းရည်၊ မှတ်နိုင်စွမ်းရည်ကို စစ်ဆေးခြင်း၊ မိမိတို့ဖတ်မိသမျှ၊ မှတ်သားမိသမျှကို ပြန်လည်မျှဝေတတ်စေရန်နှင့် စာပေ၏ တန်ဖိုးကို နားလည်လာ၍ စာဖတ်လို စိတ်များ တိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ သုတ၊ ရသ စာအုပ်များကို ငှားရမ်းဖတ်ရှုနေသည့် ကျောင်းသူလေးများက မိမိတို့ဖတ်ရှုထားသည့် စာအုပ် များမှ အသိပညာဗဟုသုတများ ရရှိသည့် အကြောင်းအရာများဖြင့် ဝင်ရောက်ယှဥ်ပြိုင်ကြရာ အမှတ်တရလက်ဆောင်များ ပြန်လည်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးသန့်