ကလေးဝမြို့ အမှတ် (၁) အခြေခံ ပညာအလယ်တန်းကျောင်းခွဲ၌ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း နံရံကပ်စာစောင်ပြသခြင်းနှင့် အသိပညာပေးဟောပြောပွဲ ပြုလုပ်

ကလေးဝ ဇူလိုင် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း နံရံကပ်စာစောင်များပြသခြင်းနှင့် အသိပညာပေးဟောပြောပွဲပြုလုပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးရာဇာဝင်းကလေထုညစ်ညမ်းမှု ရေထုညစ်ညမ်းမှု မြေဆီလွှာညစ်ညမ်းမှုနှင့်နောက်ဆက်တွဲဆိုးကျိုးများ၊စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးကျော်ကျော်မိုးက စားသုံးရန်မသင့်သောစားသောက်ကုန်ပစ္စည်းများနှင့် စားသုံးသူအခွင့်အရေးဆိုင်ရာများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းက ကလေးအလုပ်သမား အဓိပ္ပါယ် ကလေးအလုပ်သမား၏အသက်အရွယ် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃) ရပ်၊ မြို့နယ်လျှပ်စစ်မှူး ဦးအောင်လှိုင်ဝင်းက လျှပ်စစ်အန္တရာယ်အကြာင်း သိကောင်းစရာများတို့ကို အသိပညာပေးဟောပြောခဲ့ကြသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ဇေယျာရွှေမြေ အသိပညာပေးကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေး လက်ကမ်းစာစောင်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ထုတ်ဝေသော အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့သည်။

အသိပညာပေး ဟောပြောပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိအကြီးအကဲများ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့ကြပြီး ပြသထားသော နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)