သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Center) ခန်းမတွင် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ် စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ပြိုင်ပွဲများကျင်းပ

သရက်ချောင်း ဇွန် ၁၄

(၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကျောင်းသား/သူများ အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမတွင် ယနေ့မွန်းလွဲ ၁နာရီအချိန်က နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ပြိုင်ပွဲ များ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါနံရံကပ်စာစောင်တွင် မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မှတ်တမ်းဓါတ်ပုံများနှင့် မိန့်ခွန်းကောက်နှုတ်ချက်များ၊ မြန်မာ့လွတ်လပ် ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ၊ အာဇာနည် (၉) ဦး၏ အတ္ထုပ္ပတ္တိ၊ ကဗျာများ၊ ဆောင်းပါးများ၊ လေးစားအတုယူဖွယ်ရာ အကြောင်းအရာများ၊ မော်ကွန်းကျောက်စာများ စသည့်အကြောင်းအရာများ ပါဝင်ကြောင်း၊ အသစ်ရောက်ရှိလာသော စာအုပ်/စာစောင်များလည်း ခင်းကျင်းပြသခဲ့ပြီးနောက် ကျောင်းသား/သူများ၏ ဉာဏ်ရည်/ဉာဏ်စွမ်း ထက်မြက်လာစေရန် ရည်ရွယ်၍ စကားပုံဆက်ပြိုင်ပွဲကျင်းပရာ ကျောင်းသား/သူများက အဖွဲ့ခွဲ၍ ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရအဖွဲ့အား အမှတ်တရ  လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်