အ.ထ.က ၂၂ တွင် လူငယ်ရေးရာဟောပြောပွဲ ကျင်းပ

ချမ်းအေးသာစံ ဇူလိုင် ၁၄

အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာဟောပြောပွဲကို  ယနေ့နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ် လမ်း ၈၀၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြားရှိ အမှတ် ၂၂ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

ဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဦးမှ  အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်ရွှေလဝါဝါမှ ဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား၍ မြို့နယ်ဦးစီးအရာရှိဦးထွန်းထွန်းနိုင်မှ လူငယ်ရေးရာအကြောင်းအရာများအား ရှင်းလင်းပြောကြားကာ အထက်တန်းပြဆရာမဒေါ်ဒွဲဘူမှ ကျေးဇူးတင်စကားပြောကြားခဲ့​ပြီးနောက်  အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအားပြသခဲ့ရာ ကျောင်းသူများမှ ကြည့်ရှုလေ့လာခဲ့​သည်။

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရွှေလဝါဝါ၊ မြို့နယ်ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်တို့နှင့်တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးဒေါ်သန်းသန်းဦး၊ အထက်တန်းပြဆရာမဒေါ်ဒွဲဘူနှင့် ဆရာမများ၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်