ဝေါမြို့နယ်၌ “လူငယ်နှင့် ဘဝအောင်မြင်မှုပန်းတိုင်” ခေါင်းစဥ်ဖြင့် လူငယ်စကားဝိုင်းကျင်းပ
Jul 20,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသော လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ကာယ၊ဉာဏ၊စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖြင့် ပြည့်စုံစေရန်နှင့် ပရိသတ်ရှေ့၌ ပြောရဲဆိုရဲသော သတ္တိများ ရှိလာစေရန် လူငယ်အချင်းချင်း အသိပညာ၊ အတတ်ပညာများကို ဖလှယ်နိုင်စေရန်နှင့် လိမ္မာယဥ်ကျေးစွာ ပြောဆိုဆက်ဆံတတ်စေသည့် အတွေ့အကြုံသစ်များကို ရည်ရွယ်၍ လူငယ်နှင့်ဘဝအောင်မြင်မှုပန်းတိုင် ခေါင်းစဥ်ဖြင့် လူငယ်စကားဝိုင်းကို ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ဝေါမြို့နယ်၊ ဘုရားပျိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။