ပျဉ်းမနား ဇူလိုင် ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်/ကျေးရွာများသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ် မျက်စိကျန်းမာရေးဌာနမှ တာဝန်ရှိသူများက မျက်စိရောဂါရှာ ဖွေစစ်ဆေးခြင်းနှင့် လွှဲပြောင်းညွှန်ပို့ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဦးယျာဉ်စုအုပ်စု၊ ဦးကျေးရပ်ကွက်တွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
“မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ် မျက်စိကျန်းမာရေးဌာနမှ တာဝန်ရှိသူ များက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်ကွက်/ ကျေးရွာနေပြည်သူများအား မျက်စိရောဂါစစ်ဆေးခြင်းများကို ကွင်းဆင်း ဆောင်ရွက်လျက်ရှိပြီး ဆေးကုသရန်လိုအပ်သည့် မျက်စိဝေဒနာရှင်များကို ပျဉ်းမနားမြို့ ခုတင်-၂၀၀ ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းညွှန်ပို့၍ ဆက်လက်ကုသပေးလျက်ရှိကြောင်း၊ ယနေ့တွင် ဦးယျာဉ်စုအုပ်စု၊ ဦးကျေးရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက် စစ်ဆေးပေးခဲ့ပြီး ဆေးကုသရန်လိုအပ်သည့် မျက်စိဝေဒနာရှင်များအား ခုတင်-၂၀၀ ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းညွှန်ပို့၍ ဆက်လက် ကုသပေးသွားမည်ဖြစ်ကြောင်း” မျက်စိကျန်းမာရေးဌာနမှ တာဝန်ရှိသူထံမှ သိရသည်။
မျိုးသီဟ(ပြန်/ဆက်)