မုဒုံမြို့၌ မိုသည်းထန်ရွာသွန်းမှုကြောင့် လူနေအိမ်များအတွင်းသို့ ရေများဝင်ရောက်

မုဒုံ ဇူလိုင်၂၀

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဇူလိုင် ၁၈ ရက်နေ့ နံနက်ပိုင်းက စတင်ကာ မိုးသည်းထန်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားကာ မြို့မ(၄)ရပ်ကွက်ရှိ အုတ်ကျင်းရပ်နှင့် မြေနိမ့်ပိုင်းနေရာတို့၌ လူနေအိမ်များအတွင်းသို့ ရေများဝင်ရောက်လျက်ရှိသည်။

အဆိုပါနေရာများတွင် တောင်ကျရေများစီးဆင်းမှုကြောင့် လမ်းအချို့နှင့် လူနေအိမ်များအတွင်းသို့ ရေအမြင့်သုံးပေခန့်ဝင်ရောက်ကာ ပြောင်းရွှေ့ရန်လိုအပ်သည့် လူနေအိမ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှု​ဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖုန်းမြင့်အေးနှင့်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်သူများတို့ ပူးပေါင်းကာ ဘေးလွတ်ရာနေရာသို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

သားငယ်(ပြန်/ဆက်)