သတင်းများ

နမ္မတူမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဥဩဆွဲ အလေးပြုခြင်း ဆောင်ရွက်
Jul 20,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဥဩဆွဲအလေးပြုခြင်းကို ယမန်နေ့နံနက် (၁၀)နာရီ (၃၇) မိနစ်အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ
Jul 20,2023
မျိုးဆက်သစ် လူငယ်/လူရွယ်များကို နိုင်ငံ့သားကောင်းများဖြစ်လာစေရန်၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝလာစေရန်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် အနာဂတ်ခေါင်းဆောင်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍
မိုးစပါးစံပြစိုက်ကွက် နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရေးစိုက်ပျိုးရေးဦးစီးဌာမှ ဝန်ထမ်းများက အနီးကပ်ကြီးကြပ်
Jul 20,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ တီကျစ် ကျေးရွာအုပ်စု ပြင်သာကျေးရွာနှင့် ဆည်ခေါင်းကျေးရွာ၌ မိုးရာသီအတွင်း မိုးစပါးစိုက်ပျိုးရေး နည်းစနစ်မှန်ကန်စွာစိုက်ပျိုးနိုင်ရေးအတွက် နောင်တရားမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး နှင့် ဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ စိုက်ပျိုးထားသည့် မိုးစပါးစံပြစိုက်ကွက်ကို
ဖားကန့်မြို့ မော်ဝမ်းရပ်ကွက်တွင် (၁၂)ဘီးယာဉ် တစ်စီးတိမ်းမှောက်
Jul 20,2023
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မော်ဝမ်းရပ်ကွက်တွင် ဇူလိုင်လ ၁၈ ရက် နေ့လည် ၁၂ နာရီခွဲခန့်က ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ (၁၂)ဘီး ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ (၇၆) နှစ်မြောက် အာဇာနည်‌နေ့အထိမ်းအမှတ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
Jul 20,2023
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ (၇၆)နှစ်မြောက် အာဇာနည်‌နေ့အထိမ်းအမှတ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကို ယမန်နေ့နံနက် ၈ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်အတွင်းရှိ ချည်မျှင်ရှည်ဝါတိုးတက်ရေးဇုံ ၂၀၀ ဧကနှင့် တိုးချဲ့ဧရိယာများအတွက် မျိုးစေ့နှင့် ကွန်ပေါင်း ဓာတ်မြေဩဇာများ ထောက်ပံ့ပေး
Jul 20,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွက် ၂၀၂၃-ခုနှစ် မိုးရာသီချည်မျှင်ရှည်ဝါတိုးတက်ရေးဇုံ ၂၀၀ ဧကနှင့် တိုးချဲ့ဧရိယာများအတွက်  မျိုးစေ့နှင့် ကွန်ပေါင်းဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဟင်္သာတမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်
Jul 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့၊ ဥယျာဉ်မြောက်ရပ်ကွက်၊ လမ်းမတော်လမ်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဟင်္သာခန်းမ၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
မိတ္ထီလာမြို့မဈေးကြီးတွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် သုံးစွဲကင်းစင်ပပျောက်ရေး အသိပညာပေး Campaign ဆောင်ရွက်
Jul 20,2023
မိတ္ထီလာမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးတွင် ဈေးရောင်းဈေးဝယ်များ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် သုံးစွဲမှုကင်းစင်ပပျောက်ရေး အသိပညာပေး Campaign ကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။