သတင်းများ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း  မြောက်ဦးခရိုင်အတွင်း ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းဆောင်ရွက်
Jul 20,2023
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက မြောက်ဦးခရိုင်အတွင်း ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံကြသည်။
ပင်လုံမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲဆောင်ရွက်
Jul 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန တို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ပင်လုံမြို့ အ.ထ.က(၁)ကျောင်း၌ ယနေ့နံနက် (၁၁)နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့ပါသည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အသိပညာ၊ အတတ်ပညာကို သင်ယူခြင်း၊ ခံယူခြင်း ခေါင်းစဉ်အောက်မှ သိရုံမျှအတတ်ပညာကို သင်ယူခြင်းခံယူခြင်း (Learning to know)၊ တတ်မြောက်စေ​ရန် အတတ်ပညာကိုသင်ယူခံယူခြင်း (Learning to do)၊ အတူတကွရှင်သန်နေထိုင်ရေးအတွက် သင်ယူခံယူခြင်း (Learning to live together) နှင့် မိမိဘဝကိုအပြည့်အဝ ဖန်တီးနိုင်အောင်သင်ယူခံယူခြင်း ( Learning to be) အချက်(၄)ချက်ကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပါသည်။
(၇၆) နှစ်မြောက် အာဇာနည်နေ့၌ သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်း အစရှိသည်များ ဆက်ကပ်လှူဒါန်း
Jul 20,2023
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အထွေထွအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ယမန်နေ့နံနက် ၁၀နာရီက ပင့်သံဃာတော် အရှင်သူမြတ် တို့အား (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကျဆုံးလေပြီသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ကြီးများကို ရည်စူး၍ ဆွမ်းကပ်သာဓုအနု မောဒနာ ခေါ်ဆိုခဲ့ကြသည်။
ကျိုင်းတုံမြို့၌ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 20,2023
ညှိနှိုင်းအစည်းအဝေးကျင်းပကျိုင်းတုံမြို့၌ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျိုင်းတုံခန်းမတွင် ကျင်းပသည်။
ဆီဆိုင်မြို့ အောင်ချမ်းသာရပ်ကွက်တွင် MSMEs လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး
Jul 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် MSMEs လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အောင်ချမ်းသာရပ်ကွက်၌ ပြုလုပ်သည်။
ကျိုက်ဒုံမြို့၌ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး (TalkShow) ဆွေးနွေးပွဲ ကျင်းပ
Jul 20,2023
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ရက်နေ့တွင် ကျရောက်သည့် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး (Talk show) ကို ယမန်နေ့နံနက် ၁၀ နာရီက ကျိုက်ဒုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ပြင်ဦးလွင်ခရိုင် ပြည်သူ့စာကြည့်တိုက်တွင် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပ
Jul 20,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်မှစတင်၍ ကျင်းပပြုလုပ်ခဲ့သည်။
တောင်သာမြို့နယ်၌ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်
Jul 20,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာ၏ ပြည်သူများတိုက်ရိုက်ရေးဆွဲအကောင်အထည်ဖော်သော ကိုယ်ထူကိုယ်ထ ကျေးလက်ဖွံ့ဖြိုးရေးစီမံချက်အရ ကျေးရွာနေပြည်သူများကိုယ်တိုင် ကျေးရွာများ၏ ပကတိလိုအပ်ချက်များဖော်ထုတ်ပြီး ကဏ္ဍအလိုက်ဖွံ့ဖြိုးရေးအစီအစဉ်များကို စနစ်တကျစုပေါင်းပြီး ကဏ္ဍပေါင်းစုံပါဝင်သည့် ဖွံ့ဖြိုးရေးအစီအစဉ်တစ်ရပ်ဖြစ်ပေါ်လာစေရန် ရွယ်ရွယ်ချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေလုပ်ငန်းစီမံချက် (VFP)ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။