ညောင်ဦးမြို့ ရွှေစည်းခုံဘုရား၌ ပုဂံဒေသထွက်လက်ဆောင်ပစ္စည်း ထုတ်လုပ်ရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကျင်းပ

 

ညောင်ဦး ဇူလိုင် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ ရွှေစည်းခုံဘုရားကြီးစောင်းတန်းတို့တွင် ပုဂံဒေသထွက်လက်ဆောင်ပစ္စည်း ထုတ်လုပ်ရောင်းချလျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ရွှေစည်းခုံဘုရားကြီးဝင်း အရှေ့တောင်ထောင့် တန်ဆောင်းတော်ကြီး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပုဂံဒေသထွက် လက်ဆောင်ပစ္စည်းထုတ်လုပ်ရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်းပွဲတွင် ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်စန်းယုမော် (လက်ထောက်ညွှန်ကြားရေးမှူး)၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေါ်စန္ဒာ (ဦးစီးအရာရှိ)၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ဒေါ်စိုးစိုးအေး၊ လက်ထောက်ညွှန်ကြားရေးမှူး)တို့ ပူးပေါင်းကာ ရွှေစည်းခုံဘုရားကြီးအတွင်း/အပြင်တို့တွင် ပုဂံဒေသထွက် လက်ဆောင်ပစ္စည်းထုတ်လုပ်ရောင်းချသော စီးပွားရေး လုပ်ငန်းရှင်များအား ပုဂံဒေသထွက် ယွန်းထည်နှင့်ပုန်းရည်ကြီးများကို နိုင်ငံတကာသို့ ထိုးဖောက်ရောင်းချနိုင်ရေးကြိုး ပမ်းဆောင်ရွက်ကြရန်နှင့် ကုန်ထုတ်လုပ်မှုမြှင့်တင်နိုင်ရေး၊ ပုဂံဒေသထွက်ပစ္စည်းများအား နိုင်ငံတကာခရီးသွားများ ကျယ်ပြန့်စွာဝယ်ယူအသုံးပြုနိုင်ရေးအတွက် အားပေးမြှင့်တင် ဆောင်ရွက်နိုင်ရေး၊ ပုဂံဒေသအတွင်း ရောင်းချလျက်ရှိသည့် ဈေးဆိုင်များစနစ်တကျရှိစေရေးတို့အား ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီး ရောင်းချလျက်ရှိသော ဈေးဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း