ဆင်ပေါင်ဝဲမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ဆင်ပေါင်ဝဲ ဇူလိုင် ၂၀

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ အမှတ်(၁)ရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်း၌ ယနေ့နံနက်(၉)နာရီအချိန်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။   
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်စိန်က အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်ဇင်မာဦးက လူကုန်ကူးခြင်းနှင့်ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကိုလည်းကောင်း၊ မြို့မစခန်းမှူး ဒုရဲမှူးသူရဇော်က လူကူကူးခြင်းမခံရအောင်ဆောင်ရန် ရှောင်ရန်အချက်များကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက လူကုန်ကူးခြင်းမခံရအောင် ကာကွယ်ရမည့်အချက်အလက်များနှင့် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ရန်အတွက် စာများများဖတ်ရန် လိုအပ်ကြောင်းစသည်ဖြင့် အသီးသီး အသိပညာပေးဟောပြောခဲ့ကြသည်။
ဆက်လက်ပြီး အမှတ်(၁)အမက(မူလွန်)ကျောင်းအုပ် ဆရာကြီးဦးသိန်းမြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီ အခမ်းအနားသို့ တက်ရောက်လာသော တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။ 
မြို့နယ်(ပြန်/ဆက်)