သတင်းများ

သံတွဲမြို့ အ.ထ.က (၁) ကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲ ကျင်းပ
Jul 20,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲကို အ.ထ.က (၁) ကျောင်းခန်းမတွင် ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ပေါင်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇင်းကျိုက်မြို့ မော်လမြိုင်-ရန်ကုန် ကားလမ်းရေကျော်
Jul 20,2023
မွန်ပြည်နယ် ပေါင်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီးဆင်းမှုကြောင့် ဇင်းကျိုက်မြို့ မော်လမြိုင်-ရန်ကုန်ကားလမ်း၌ ဇူလိုင်လ ၁၈ ရက်နေ့ညနေ(၃း၃၀)နာရီက စတင်၍ ကားလမ်း ရေကျော်ပြီး လူ‌နေအိမ်များသို့လည်း ရေများဝင်ရောက်နေကြောင်း သိရသည်။
ပင်လုံမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Jul 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာ​ပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ အမှတ်(၁၁၉) ယာဥ်ထိန်းရဲတပ်စု(လွိုင်လင်ခရိုင်)နှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာရောက်ရှိရန် ၁၄၁ စင်တီမီတာသာလို
Jul 20,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင်မိုး လေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင် ၁၉ ရက်၊ နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ ရောက်ရှိရန် ၁၄၁ စင်တီမီတာလိုကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ တာဝန်ခံဒေါ်ခင်လှနုထွေးထံက သိရသည်။
ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအကြောင်း အသိပညာပေး Talk Show ဆောင်ရွက်
Jul 20,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအကြောင်း အသိပညာပေး Talk Showကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ဆွေးနွေးခဲ့ကြသည်။
လွိုင်လင်မြို့ အ.လ.က(၁)ကျောင်းတွင် စာပွဲတင် တင်းနစ်သင်တန်းဆင်းပွဲနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့  အလက(၁) ကျောင်းတွင် စာပွဲတင် တင်းနစ်သင်တန်းဆင်းပွဲ နှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၉) နာရီက ကျောင်းခန်းမ တွင် ကျင်းပပြုလုပ်ရာ မြို့နယ်ပညာရေးမှူး ဦးသန်းစိုး တက်ရောက်၍ အမှာစကားပြောကြား  ပါသည်။
ပူတာအိုခရိုင် Community Centre ခန်းမ၌ “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေး
Jul 20,2023
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ကျန်းမာသန်စွမ်းသည့် လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် အားကစားလှုပ်ရှားခြင်းဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကို ကာကွယ်တားဆီးနိုင်ရန် ရည်ရွယ်၍ “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Showဆွေးနွေးခြင်းကို ဇူလိုင်(၂၀)ရက် နံနက်(၁၀)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။
ပင်းတယမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူမှောင်ခို/လူကုန်ကူးမှု အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 20,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ငှက်ပျောတောရပ်ကွက်အတွင်းရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲပိုင်းက မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူမှောင်ခို/ လူကုန်ကူးမှု အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။