နေပြည်တော် ဇူလိုင် ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအကြောင်း အသိပညာပေး Talk Showကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ဆွေးနွေးခဲ့ကြသည်။
အသိပညာပေး Talk Show အစီအစဉ်တွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်နှင့် လယ်ဝေးခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းမြင့်သိန်းတို့က အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ဆောင်ရွက်ချက်များ၊ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းနှင့် ကုသခြင်းလုပ်ငန်း ဆောင်ရွက် ချက်များ၊ မျိုးကောင်းမျိုးသန့်များ မျိုးမြှင့်တင်ရေးအတွက် မေထုန်မဲ့သားစပ်ခြင်းလုပ်ငန်းဆောင်ရွက် ချက်များနှင့် ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံးအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတမျာရှိ စေရန်အတွက် Onileမှ တစ်ဆင့် အသိပညာပေးခြင်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)