ပင်လုံမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ပင်လုံ ဇူလိုင် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာ​ပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ အမှတ်(၁၁၉) ယာဥ်ထိန်းရဲတပ်စု(လွိုင်လင်ခရိုင်)နှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေစင်ဝင်းက အဖွင့်အမှာစကား ပြောကြားပေးခဲ့ပါသည်။ ဆက်လက်၍ အမှတ်(၁၁၉) ယာဥ်ထိန်းရဲတပ်စု(လွိုင်လင်ခရိုင်) တပ်ဖွဲ့စုမှူးဒုတိယရဲမှူး ကျော်ဇေယျနှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန  စစ်ဆေးရေးမှူး ၂ ဦးလှထွေးတို့မှ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ယာဥ်ထိန်းရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များ၊ ရှမ်းပြည်နယ်အတွင်း ယာဥ်မတော်တဆဖြစ်ပွားမှုနှိုင်းယှဥ်ချက်များ၊ အပြည်ပြည်ဆိုင်ရာယာဥ်ထိန်းသိမ်းခြင်းနည်းစနစ်(၅)မျိုး၊ ယာဥ်တိုက်မှု/ယာဥ်မတော်တဆမှု အမျိုးအစားများ၊ ခြေကျင်လျှောက်သူများ လိုက်နာရန်စည်းကမ်းချက်များ၊ ဆိုင်ကယ်စီးနင်းရာတွင်ပါဝင်ရမည့်အချက်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများဖြစ်သည့် အန္တရာယ်သတိပေးခြင်း လမ်းညွှန်းများ၊ အမိန့်ပေးခြင်းလမ်းညွှန်းများ၊ ဦးစားပေးနှင့်ဦးစားရလမ်းညွှန်းများ၊ တားမြစ်ခြင်း သို့မဟုတ် ကန့်သတ်ခြင်းလမ်းညွှန်းများစသည့် အသိပညာပေးများဟောပြောပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/သူများမှ သိရှိလိုသောအကြောင်းအရာများကို ပြန်လည်မေးမြန်းဆွေးနွေး​ပါသည်။ အခမ်းအနားသို့ ကျောင်းသား/သူ စုစုပေါင်းအင်အား (၂၇၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)