ပေါင် ဇူလိုင် ၂၀
မွန်ပြည်နယ် ပေါင်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီးဆင်းမှုကြောင့် ဇင်းကျိုက်မြို့ မော်လမြိုင်-ရန်ကုန်ကားလမ်း၌ ဇူလိုင်လ ၁၈ ရက်နေ့ညနေ(၃း၃၀)နာရီက စတင်၍ ကားလမ်း ရေကျော်ပြီး လူနေအိမ်များသို့လည်း ရေများဝင်ရောက်နေကြောင်း သိရသည်။
ကားလမ်းရေကျော်၍ လူနေအိမ်များသို့ ရေဝင်ရောက်နေသည့်နေရာသို့ ရေအမြင့် နှစ်ပေခန့် ရေကျော်လျက်ရှိပြီး မော်တော်ယာဥ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ပေါင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်နှင့်အဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်းကာ မော်တော်ယာဥ်များ၊ ဆိုင်ကယ်များ ဖြတ်သန်းမောင်းနှင်မှုနှင့်လူနေအိမ်များသို့ ရေဝင်ရောက်နေမှုကို ကူညီသိမ်းဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရေဆက်လက်မြင့်တက်လာပါက ဘေးအန္တရာယ်ကင်းရှင်းစေရန် ယာဥ်များဖြတ် သန်းသွားလာမှုကို ခေတ္တဆိုင်းငံ့သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် လူနေအိမ်များ၏ပစ္စည်းများကို ကူသိမ်းဆည်းပေးလျက်ရှိကြောင်း သိရသည်။ အလားတူမုတ္တမကျေးရွာရှိ ဝါရီရူတွင်လည်း ရေများမြင့်တက်လာနေကြောင်း သတင်းရရှိပါသည်။
မွန်မလေး (ပြန်/ဆက်)