ပျဉ်းမနားမြို့၌ အဆင့်မြင့် စက်ချုပ်သင်တန်း သင်တန်းဆင်းပွဲကျင်းပ

ပျဉ်းမနား ဇူလိုင် ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၌ အိမ်တွင်းမှုသက်မွေးလုပ်ငန်း အဆင့်မြင့်စက်ချုပ်သင်တန်း သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက  ရွာသာကျေးရွာခန်းမ၌ ကျင်းပသည်။

အဆိုပါ သင်တန်းကို  အမျိုးသမီးများအနေဖြင့် အိမ်ထောင်ထိန်းသိမ်းမှုပညာရပ်များကို တတ်ကျွမ်းခြင်းအားဖြင့် အလုပ်အကိုင်ရရှိစေရန်၊ အမျိုးသမီးများ အမှီအခို ကင်းစွာဖြင့် မိမိဘဝ မိမိရပ်တည်နိုင်စေရန်၊ တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေ ပိုမိုရရှိလာစေရန်နှင့် အိမ်ထောင်ရေး သာယာစိုပြေစေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး အမျိုးသမီးများအနေဖြင့် အိမ်တွင်းမှုသက်မွေးကျောင်း ပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာသင်ကြားပြီး အကျိုးရှိရှိအသုံးချနိုင် ပါက အတန်းပညာ နည်းသူများအတွက် မိမိဘဝကိုအများနည်းတူ ရပ်တည်နေထိုင်နိုင်ပြီး တစ်ပိုင်တစ်နိုင်စီးပွားရေးမှ ကိုယ်ပိုင်လုပ်ငန်း၊ ကိုယ်ပိုင်ဝင်ငွေရရှိသည် အထိ ဆက်လက်ကြိုးစား လုပ်ဆောင်နိုင်ကြောင်း သိရသည်။

အဆိုပါ  အဆင့်မြင့် စက်ချုပ်သင်တန်းကို  သင်တန်းသား/သင်တန်းသူ  ၂၀ ဦးတက်ရောက်ခဲ့ကျသည်။ သင်တန်းသို့ တက်ရောက်ကြသည့် သင်တန်းသား  ၂၀ ဦး အနက်  ထူးချွန်ဆုရရှိသည့် သင်တန်းသားတစ်ဦးအား အပ်ချုပ်စက်တစ်လုံးနှင့် တက်ရောက်ကြသည့် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)