ချောင်းဆုံ ဇူလိုင် ၂၀
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ယမန်နေ့ နံနက် (၈)နာရီမှ (၁၁)နာရီထိ မော်လမြိုင်-ချောင်းဆုံ အဝေးပြေးလမ်းမပေါ်ရှိ သက္ကောကျေးရွာအတွင်း ကားလမ်းမပေါ်တွင် ရေကျော်ခြင်းများ ဖြစ်ပွားခဲ့ရာ ခရီးသွားပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေး တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ကားလမ်းမပေါ် ရေကျော်လာသည့်အတွက် ယာဉ်များ အန္တရာယ် မဖြစ်ပေါ်စေရေးနှင့် ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးတို့အတွက် ကူညီဆောင်ရွက်ခြင်းများကို နယ်မြေခံတပ်မှ အရာရှိစစ်သည်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံများမှလမ်းပေါ်တွင် အန္တရယ်ကင်းရှင်းစွာ သွားလာနိုင်သည်အထိ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)