တန့်ယန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

တန့်ယန်း  ဇူလိုင် ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံ တိုင်းရင်းသား ပြည်သူလူထုများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင်လ ၂၀ ရက် နံနက်ပိုင်းက ဟိုမန်းကျေးရွာအုပ်စု၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဗိုလ်မှူးနေလင်း၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်နှင့် တာဝန်ရှိသူတို့က ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်သူ့ရေးရာစီမံခန့်ခွဲရေး၊ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှု‌ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း ပြောကြားကြသည်။

ယင်းနောက် မြို့နယ်စီမံကိန်းဌာန၊ မြို့နယ်အခွန်းဦးစီးဌာန၊ မြို့နယ်သမဦးစီးဌာန၊ မြို့နယ်လယ်စီ/ စာရင်းဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်မွေး/ကုဌာနနှင့် တာဝန်ရှိ ဌာနများက ပြည်သူလူထုအတွက် ဆောင်ရွက်ပေးနေသည့်လုပ်ငန်းများအကြောင်း ရှင်းလင်းဆွေးနွေး ကြပြီး ဟိုမန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းဆန်စိုင်းနှင့် ဒေသခံပြည်သူလူထုတို့၏ တင်ပြချက်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)