ရမ်းဗြဲမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ရမ်းဗြဲ  ဇူလိုင်  ၂၀

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နေ့လယ်(၁၂)နာရီအချိန်က အ-ထ-က ပုလုပ်တောင်ကျောင်း ဦးဥတ္တမခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်ထွန်းက အဖွင့်အမှာစကား ပြောကြားခြင်း၊ ဆက်လက်ပြီး အမျိုးသမီးရေးရာ ဥက္ကဋ္ဌ ဒေါ်နန်းစောညွန့်က လူကုန်ကူးမှုနှင့် ပတ်သက်၍ ပြောကြားခြင်း၊ ဆက်လက်ပြီး မြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်က လူကုန်ကူးမှုနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်နိုင်သော ဥပဒေများကို ရှင်းလင်းပြောကြားခြင်း၊ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အောင်တင်ကြည်က လူကုန်ကူးမှုမဖြစ်ပွားစေရန် နေထိုင်ပြုမှုရမည့်အကြောင်း ရှင်းလင်းပြောကြားခြင်း၊ ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန်းက ကျန်းမာကြံ့ခိုင်စွာ နေထိုင်နိုင်ရန် ကျောင်းသား/ကျောင်းသူများအား အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြပြီး ထိုအခမ်းအနားသို့ ကျောင်းသား/သူ(၅၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်