သတင်းများ

ကျိုက်လတ်၌ ၂၀၁၂-ခုနှစ် လယ်ယာမြေဥပဒေအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ကွင်းဆင်းအသိပညာပေး
Jul 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ကျုံလမုကျေးရွာအုပ်စု၊ ကျုံလမု ဘုန်းတော်ကြီး ကျောင်း၌ ယမန်နေ့ နေ့လယ်ပိုင်းက ၂၀၁၂-ခုနှစ် လယ်ယာမြေဥပဒေအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ကွင်းဆင်းအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ်တွင် မြို့ပြသန့်ရှင်းသာယာလှပစေရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်
Jul 27,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပြသန့်ရှင်းသာယာလှပစေရေး စဉ်ဆက်မပြတ်လုပ်ငန်းများကို ယနေ့နံနက်ပိုင်းမှ စတင်၍ ပြည်-မကွေး ကားလမ်းမတစ်လျှောက်တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကသာမြို့၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
Jul 27,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ပေါ်ရပ်ကွက်များရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့ ညနေပိုင်းကခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တမူးမြို့ မြို့မဘုန်းတော်​ကြီးသင် ပညာရေး​ကျောင်း၌ အသက်(၅)နှစ်အထက် ကျောင်းသား/ ကျောင်းသူများအား  ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံပေး
Jul 27,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့မြို့မဘုန်းတော်​ကြီးသင် ပညာရေး​ကျောင်း၌ အသက်(၅)နှစ်အထက် ကိုဗစ်ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသည့် ကျောင်းသား/ ကျောင်းသူများနှင့် ထပ်ဆောင်းကာကွယ်​​ဆေး ထိုးနှံမည့် ကျောင်းသား/ ကျောင်းသူများအား  ကိုဗစ်ရောဂါ ကာကွယ်ဆေးကို ဇူလိုင်လ(၂၇)ရက်နေ့ နံနက်(၉) နာရီက  ထိုးနှံပေးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် မိုးစပါးလျာထားဧက (၂၄၆၀၇) ဧက သတ်မှတ်စိုက်ပျိုးသွားမည်
Jul 27,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် မိုးစပါးလျာထားဧက(၂၄၆၀၇) ဧက သတ်မှတ်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။
မိုင်းတုံမြို့၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမူရေးပင်စင်ထောက်ပံ့ငွေများနှင့် အားဖြည့်စာများ ပေးအပ်
Jul 27,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၌ မြို့ပေါ်ရပ်ကွက်များရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော လူမူရေးပင်စင်ထောက်ပံ့ငွေများအား ယ​နေ့နံနက်(၉)နာရီက မြို့နယ်မိခင်နှင့်ကလေးအဖွဲ့မှဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းဦးဆောင်၍ အမျိုးသမီးရေးရာအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူးတို့ပူးပေါင်း၍ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တောင်ငူမြို့၊ ဆူးတပ်ကျေးရွာ၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း အသိပညာပေး သရုပ်ပြသ
Jul 27,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ဆူးတပ်ကျေးရွာတွင် ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှကြီးမှူး၍ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း အသိပညာပေး သရုပ်ပြသခြင်းကို ဆူးတပ်ကျေးရွာနေ တောင်သူ ဦးထွန်းကြည်၏ လယ်ယာမြေ (၃)ဧက၌ ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မြို့သစ်မြို့၊ ကွက်သစ်ရပ်ကွက်၊ စကားဝါလမ်းအားကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်မှု ရာခိုင်နှုန်းပြည့်ပြီးစီး
Jul 27,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူသွားလာမှုလွယ်ကူစေရန်နှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်စေရန်၊ မြို့ပြသာယာလှလာစေရန်အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးအဖွဲ့၏ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ်(၃၁-ဒဿမ-၉၀)ကျပ်သန်းဖြင့် ကွက်သစ်ရပ်ကွက်ရှိ စကားဝါလမ်းအား ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဆောင်ရွက်​ပေးခဲ့ကြောင်း သိရသည်။