သတင်းများ

မိုင်းရှူးမြို့နယ်တွင် ပန်းခင်းစီမံချက်၂ဖြင့် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်
Jul 28,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပန်းခင်းစီမံချက် ၂ ဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ  မိုင်းစံမြို့၊ ဟိုဆိုင်ကျေးရွာအုပ်စု၊ ပါနိမ့်ကျေးရွာ၊ ဝမ်ကန်နယ်‌မြေဖာဖိတ်ရွာရှိ ရွာသူ ရွာသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းဇယား ၆၆/၆ပုံစံများကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ၀မ်ကန်အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာ သင်တန်း(PPTT)အမှတ်စဉ်(၉/၂၀၂၃)သင်တန်းဆင်းပွဲကျင်းပ
Jul 28,2023
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်သင်ပညာဦးစီးဌာန၊ ပခုက္ကူပညာရေးဒီဂရီကောလိပ်၏ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ လုပ်ငန်းခွင်အကြိုမူလတန်းဆရာ အတတ်ပညာသင်တန်း(PPTT)အမှတ်စဉ်(၉/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က အဆိုပါဒီဂရီကောလိပ်၊ မဟာသရေစည်သူဦးဘခန်းမ၌ ကျင်းပပြုလုပ်သည်။
ကသာမြို့၌တန်ဖိုးသင့်စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့်ရောင်းပေး
Jul 28,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် အခြေခံလူတန်းစားပြည်သူများအနေဖြင့် တန်ဖိုးသင့်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသောက်နိုင်ရန်အတွက် ယနေ့ နံနက် (၇)နာရီခွဲအချိန်က အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းရှေ့နှင့် ခရိုင်စည်ပင်သာယာရေးရုံးရှေ့တို့၌ ရောင်းချပေးခဲ့ကြောင်း သိသည်။
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) တွင် (၁၂)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ
Jul 28,2023
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)တွင် (၁၂)ကြိမ်မြောက်၊ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Jul 28,2023
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်
Jul 28,2023
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဘိုကလေးမြို့နယ်မှ မိန်းမလှကျွန်း၊ ကဒုံကနိကြိုးဝိုင်း၊ ပျဉ်ဒရယ်ကြိုးဝိုင်းတို့နှင့် ဆက်စပ်ရာ ဒီရေတော ဒေသများ၌ မိချောင်းအန္တရာယ်ရှိနေ
Jul 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မိန်းမလှကျွန်းတောရိုင်းတိရိစ္ဆာန် ဘေးမဲ့တော၊ ကဒုံကနိကြိုးဝိုင်း၊ ပျဉ်ဒရယ် ကြိုးဝိုင်းတို့နှင့် ဆက်စပ်ရာ သဘာဝဒီရေတောများသည် ရေချိုရေငံစပ်မိချောင်းများ မျိုးပွားခိုလှုံရာ ဒေသတစ်ခုဖြစ်ပြီး ယခုအချိန်ကာလသည် မိချောင်း များ၏ အသိုက်ပြုလုပ်သော ကာလဖြစ်သောကြောင့် မိချောင်းအန္တရာယ်ကို သတိထားရန် လိုအပ်လှပေ သည်။
လောက်ကိုင်မြို့၊တုံချိန်လေးမျက်နာဘုရားရှိ မဟာအတုလစည်တော်ကြီးတည်ဆောက်ပြီးစီး၍ ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပ
Jul 28,2023
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ တုံချိန်လေး မျက်နာဘုရားရှိ မဟာအတုလစည်တော်ကြီး တည်ဆောက်ပြီးစီး၍ ရေစက်ချမင်္ဂလာအခမ်းအနားကို ယမန့်နေ့နံနက် ၉နာရီ မိနစ် ၃၀အချိန်တွင် ကျင်းပခဲ့ကြောင်းသိရသည်။