စစ်ကိုင်း ဇူလိုင် ၂၈
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)တွင် (၁၂)ကြိမ်မြောက်၊ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်း က အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ သည်။
အခမ်းအနားတွင် စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက် ရွှေသမားကျောင်းတိုက် ပဓာန နာယကဆရာတော် ဘုရားကြီးထံမှ သမဝါယမနှင့် စီမံခန့်ခွဲမှု တက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယ ပါမောက္ခချုပ်နှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများက ငါးပါးသီလခံယူဆောက်တည် ကြပြီး ဆရာတော်ဘုရားကြီးများထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်ပြီး ဆရာတော်ဘုရားကြီးများက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခဲ့ကြပြီး ရွှေသမားကျောင်းတိုက် ပဓာန နာယက ဆရာ တော်ဘုရားကြီးထံမှ လှူဒါန်မှု အစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အခမ်းအနားအပြီးတွင် ဆရာတော်ဘုရားကြီးများအား သမဝါယမနှင့် စီမံခန့်ခွဲမှုတက္ကသိုလ် (စစ်ကိုင်း) ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်