မင်းလှမြို့တွင် စားအုန်းဆီများပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

မင်းလှ ဇူလိုင် ၂၈

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင်၊ မင်းလှမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်၍အခြေခံလူတန်းစားပြည်သူများအတွက် အခြေခံစားသောက်ကုန်များကို ပြင်ပပေါက်ဈေးထက်သက်သာသော ဈေးနှုန်းများဖြင့် မြို့မဈေးရှေ့၌ နေ့စဉ်ရောင်းချပေးလျက်ရှိသည်။

ယနေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးထွဋ်၏ ကြီးကြပ်မှုဖြင့် သက်သာသောနှုန်းထားဖြင့် ရောင်းချ‌ပေးနေသည့် တာဝန်ခံများက ဆီတစ်ပိသာ ၅၆၀၀ ကျပ်၊ဆန်‌ဟောင်းတစ်ပြည် ၂၈၀၀ ကျပ်ဖြင့် ရောင်းချပေးသည့်အပြင် အသား/ငါး၊ ကြက်ဥနှင့် ဒေသထွက်ဟင်းသီးဟင်းရွက်သီးနှံများအား ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိရာ ဝယ်ယူသူများပြားလျက်ရှိကြောင်း သိရသည်။

ပေါက်စ(မင်းလှ)