Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကဇူးကျေးရွာ၌ နန်ဆန်ယန်ဒေသမှ တိမ်းရှောင်လာသော ပြည်သူများအား ဆန်နှင့်ရိက္ခာခြောက်များ ထောက်ပံ့
Jul 21,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်း မြစ်ကြီးနား- ဗန်းမော်သွားကားလမ်းပေါ်ရှိ နန်ဆန်ယန်ကျေးရွာမှ ခေတ္တတိမ်းရှောင်လာသော ပြည်သူများအား လတ်တလောနေထိုင်စားသောက်မှု အဆင်ပြေချောမွေ့စေရေး ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက ကဇူးကျေးရွာရှိ တိမ်းရှောင်ပြည်သူများအား ဆန်နှင့်ရိက္ခာခြောက်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန် “လူငယ်စကားဝိုင်း”ကျင်းပ
Jul 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီး ဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မေခခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လူငယ်များဘဝတိုးတက်ဖို့ စာဖတ်ခြင်းဖြင့်မြှင့်တင်စို့ အသိပညာပေးဟောပြောပွဲ တွံတေး၌ ကျင်းပ
Jul 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် လူငယ်များ စာဖတ်စွမ်းရည်မြင့်မားတိုးတက်လာစေရန်အတွက် လူငယ်များဘဝတိုးတက်ဖို့ စာဖတ်ခြင်းဖြင့်မြှင့်တင်စို့ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တွံတေးမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများ၏ လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်
Jul 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊မေ၊ဇွန်) အတွက်လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ကိုယ်စားပြု ကဏ္ဍအလိုက် ထူးချွန်ဆုများရရှိအောင် စွမ်းဆောင်နိုင်သူများအား ဂုဏ်ပြုချီးမြှင့်၊ ပြည်ထောင်စုလမ်းမကြီးအပါအဝင် မိန်းလမ်းမကြီးများ လမ်းဘေးဝဲ/ယာ အရိပ်ရနှစ်ရှည်ပင်များ စိုက်ပျိုးနိုင်ရေး ကွင်းဆင်းစစ်ဆေး
Jul 21,2023
ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍစုံ၊ ဘက်စုံမှ ပြည်နယ်ကိုယ်စားပြု၍ ကဏ္ဍ များအလိုက် ထူးချွန်ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြသော ဌာနဆိုင်ရာများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ အားကစားသများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၂၁ ရက် နံနက် ၁၀ နာရီ က ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ဝန်ထမ်းများအားပင်စင်လစာများထုတ်ပေး
Jul 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက် (၉)နာရီအချိန်မှ စတင်ကာ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေ များကိုစနစ်တကျ ထုတ်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တံတားမြို့ ကဒပ္ပန အ.လ.က.ခွဲကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေး
Jul 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့တွင် အသက်(၅)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က တံတားမြို့ ကဒပ္ပန အ.လ.က.ခွဲကျောင်း၌ ထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရေးအချက် အလက် (Biographic Data)နှင့် ဇီဝအချက် အလက် (Biometric Data) စာရင်း ကောက်ယူခြင်း ဆောင်ရွက်
Jul 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ၏ နိုင်ငံသားတစ်ဦးချင်းစီ ကိုယ်ရေးအချက်အလက်များ(Biographic Data)နှင့် ဇီဝ အချက်အလက်များ (Biometric Data) ကောက်ယူခြင်းကို ယမန်နေ့နံနက် ၁၀ နာရီမှစ၍ အခြေခံပညာ အထက်တန်းကျောင်း (အထက-ခနောင်တို) ခန်းမတွင် ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
10330
Page
10331
Page
10332
Page
10333
Current page
10334
Page
10335
Page
10336
Page
10337
Page
10338
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department