ဒလမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ဝန်ထမ်းများအားပင်စင်လစာများထုတ်ပေး

ဒလ  ဇူလိုင်  ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက် (၉)နာရီအချိန်မှ စတင်ကာ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေ များကိုစနစ်တကျ ထုတ်ပေးလျက်ရှိသည်။

ဒလမြို့နယ်အတွင်းရှိ(အငြိမ်းစား)ဝန်ထမ်းများကို ပင်စင်လစာထုတ်ပေးရာတွင်လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနာမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် အညီ ပင်စင်လစာငွေလာရောက် ထုတ်ယူသူများအား ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ် နိုင်ရေးနည်းလမ်းများဖြင့် စနစ်တကျထုတ်ပေးလျက်ရှိသည်။ ပင်စင်စားမိဘပြည်သူများအနေဖြင့် မိမိတို့အဆင်ပြေသည့် နေ့ရက်များတွင် လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် ကိုယ်စားလှယ် ဖြင့်ထုတ်ယူလိုပါက လိုအပ်သည့်အထောက်အထားများဖြင့် ထုတ်ယူနိုင်ကြောင်း သိရသည်။

ဒလမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်း (၄၃၀)ဦးရှိပြီး ပင်စင်လစာများအဆင်ပြေစေရေးအတွက် ဇူလိုင်လ ၂၁ရက်နေ့မှစ၍ထုတ်ပေးလျက်ရှိရာ ယခုအငြိမ်းစား ပင်စင်ထုတ်ယူသူ (၄၁၀)ဦးရှိပြီး နောက်ရက်များတွင်လည်း ကျန်ရှိသည့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။

မြင့်ဇော် (ပြန်/ဆက်)