သတင်းများ

ချောက်မြို့၌ ဧရာဝတီမြစ်​ရေဝင်​ရောက်​သော အိမ်​​​ထောင်စုများအား ဆန်ရိက္ခာ​ထောက်ပံ​ငွေများပေးအပ်
Jul 21,2023
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊ ​ချောက်မြို့တွင် ဧရာဝတီမြစ်​ရေဝင်​ရောက်​ခဲ့သော အိမ်​​​ထောင်စု (၁၂) စု၊ လူဦး​ရေ (၅၆) ဦးတို့အား ဆန်ရိက္ခာ​ထောက်ပံ​ငွေ​များ​ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ချောက်မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်​ရေးမှူးရုံးခန်းတွင် ပေးအပ်ခဲ့သည်။
ကသာမြို့၌ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲ ပြုလုပ်
Jul 21,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၉)နာရီခွဲ အချိန်က အဆိုပါ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထန်းတပင်မြို့နယ်တွင် လျှပ်စစ်အန္တရာယ်ကင်းဝေးရေး အသိပညာပေး
Jul 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်​အတွင်းရှိ  ကျောင်းသား၊ ကျောင်းသူများနှင့် အများပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအတွက် လျှပ်စစ်အန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများ သိသင့်သိထိုက်သည့်အကြောင်း အရာများအား အသိပညာပေးခြင်းနှင့်လက်ကမ်းစာ စောင်များဖြန့်ဝေပေးခြင်းကို ယမန်နေ့၊ နံနက်ပိုင်းက အ.ထ.က(ထန်းတပင်)ကျောင်း၊ မြို့မစျေးနှင့်လူအသွားအလာများပြားသည့်နေရာများတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပုဗ္ဗသီရိမြို့နယ် သာယာဝှမ်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းအစည်းအဝေး ကျင်းပ
Jul 21,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာအုပ်စု၊ သာယာဝှမ်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း Village Development Plan (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဒိုက်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး (Booster)ထိုးနှံပေး
Jul 21,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး (Booster)ထိုးနှံပေးခြင်းကို ဇွန်လ ၂၁ ရက်နေ့မှစတင်၍ အလှည့်ကြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တပ်ကုန်းမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 21,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ ပိုမိုဖွံ့ဖြိုးလာစေရန်ရည်ရွယ် ကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
ပေါင်းတည်၌ ကောက်စိုက်စက်ဖြင့်စပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ
Jul 21,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ စက်မှုလယ်ယာစခန်း(ဆွယ်) ကကောက်စိုက်စက်ဖြင့်ရက် ၉၀စပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက် ၉နာရီက ကြူတောကန်ကျေးရွာအုပ်စု၊ ကြူတောကန်ကျေးရွာ၊ ကွင်းအမှတ်(၁၀၉၃ )၊ တောင်သူဦးစိန်ထွန်း၏ ၃ဧက စပါးစိုက်ပျိုးခင်းတွင် ကျင်းပပြုလုပ်သည်။
ဗန်းမောက်မြို့၌ ဝန်ထမ်းများအတွက် သတင်းရေးသားနည်းနှင့် ဗွီဒီယိုတည်းဖြတ်နည်းသင်တန်း သင်ကြားပို့ချ
Jul 21,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre ခန်းမတွင် ဇူလိုင်လ (၂၀) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်က မြို့နယ်ရုံးရှိဝန်ထမ်းများအား သတင်းရေးသားနည်းနှင့် ဗွီဒီယိုတည်းဖြတ်နည်းသင်တန်းကို သင်ကြားပို့ချခဲ့သည်။