တွံတေးမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများ၏ လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်

တွံတေး  ဇူလိုင်  ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊မေ၊ဇွန်) အတွက်လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမ၌   ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်းကို မြို့နယ်အတွင်းရှိ   ရပ်ကွက်(၈)ရပ်ကွက်၊ ကျေးရွာအုပ်စု( ၆၅ )အုပ်စုအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုး၂၈၈ ဦး၊ အဘွား ၅၃၅ ဦး စုစုပေါင်း ၈၂၃ ဦးကိုတစ်ဦးလျှင် ၃၀၀၀၀/-ကျပ်ဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်ဖြစ်သည့် (ဧပြီ၊မေ၊ဇွန်) ပထမသုံးလပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေ ကျပ်( ၂၄၆၉၀၀၀၀) ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူးသုတအောင်တို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်(၁)၊ ရပ်ကွက်၊  ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တွံတေးသား